Home
နိုင်ငံတကာ
လေယာဉ်တင်သင်္ဘောထံ ချဉ်းကပ်လာသည့် အီရန်ဒရုန်း ၁ စင်းကို အမေရိကန် ပစ်ချ
DVB
·
February 5, 2026
Photo :Reuters

အာရေဗျပင်လယ်ထဲက အမေရိကန် လေယာဉ်တင်သင်္ဘော အေဘရာဟမ် လင်ကွန်းဆီ ရန်လိုတဲ့ ပုံစံနဲ့ ချဉ်းကပ်လာတဲ့ အီရန်ဒရုန်းတစင်းကို ဖေဖော်ဝါရီ ၄ ရက်က ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

အီရန်နဲ့ အမေရိကန်ပြည်ထောင်စုအကြား နျူကလီးယားဆွေးနွေးပွဲတွေကို စီစဉ်ဖို့ သံတမန်တွေက ကြိုးပမ်းနေချိန်မှာ ခုလိုဖြစ်ရပ် ပေါ်ပေါက်လာတာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်စစ်သင်္ဘောတွေ အီရန်ဆီ ဦးတည်နေချိန်မှာ သဘောတူညီချက်မရရင် ဆိုးရွားတာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒရုန်းပစ်ချခံရတယ်လို့ သတင်းထွက်အပြီး ရေနံဈေးနှုန်းတွေ ရေနံစိမ်းတစည်ကို ၁ ဒေါ်လာကျော် မြင့်တက်လာခဲ့ပါတယ်။

အီရန်ရဲ့ ရှဟဒ် 139 ဒရုန်းဟာ ရည်ရွယ်ချက် မရှင်းလင်းဘဲ လေယာဉ်တင်သင်္ဘောဆီ ပျံသန်းနေလို့ F-35 အမေရိကန်တိုက်လေယာဉ်က ပစ်ချခဲ့ရတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

လေယာဉ်တင်သင်္ဘောနဲ့ သင်္ဘောပေါ်က လူတွေကို ကာကွယ်ဖို့ လေယာဉ်တင်သင်္ဘောပေါ်က F-35C တိုက်လေယာဉ်တစင်းက အီရန်ဒရုန်းကို ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က ပြောပါတယ်။

အီရန်ရဲ့ ကုလသမဂ္ဂမစ်ရှင်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ နိုင်ငံတကာရေပိုင်နက်မှာ ဒရုန်းတစင်းနဲ့ အဆက်အသွယ် ပြတ်သွားပေမဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ အီရန်ရဲ့ တက်စ်နင်မ် သတင်းဌာနက ပြောပါတယ်။

ဒီဖြစ်ရပ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ အမေရိကန်ပစ္စည်းတွေ မပျက်စီးဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတာ ခံရပြီးတဲ့နောက် လေယာဉ်တင်သင်္ဘော အပါအဝင် အမေရိကန် တိုက်ခိုက်ရေးအဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှုရဲ့ အထင်ရှားဆုံးအစိတ်အပိုင်း ဖြစ်ပါတယ်။

လက်ရှိ အီရန်နိုင်ငံတွင်း အခြေအနေက ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးနောက်ပိုင်း အသေအပျောက်အများဆုံး ပြည်တွင်းမငြိမ်မသက်မှု ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013