Home
မြန်မာသတင်း
အွန်လိုင်းတွင် လူသုံးကုန်ပစ္စည်းအတုများရောင်းသည့် မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ 
DVB
·
February 5, 2026
Photo: bangkokbiznews

ထိုင်းနိုင်ငံ စမွတ်စခွန်းခရိုင်ထဲမှာ နာမည်ရှိ လူသုံးကုန်ပစ္စည်းအတု အမျိုးမျိုးကို အွန်လိုင်းပ လက်ဖောင်းကနေ ရောင်းချနေတဲ့ မြန်မာအမျိုးသမီးတယောက်နဲ့  သက်သေခံ ပစ္စည်းပေါင်း ၂၀၀,၀၀၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံဗဟိုရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီမတိုင်ခင်က အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ အလှဆီ၊ ရေချိုးဆပ်ပြာ အစရှိသော လူသုံးကုန်ပစ္စည်းတွေကို ရောင်းဈေးထက် လျှော့ပေါ့ရောင်းချတာ၊ ပရို မိုးရှင်းဆိုပြီး အပိုတွေပါ ထည့်ပေးတာတွေရှိနေတယ်၊ ပစ္စည်းမှာ မူရင်းနဲ့ အရည်အသွေးကွာခြားနေ တာတွေကြောင့် စုံစမ်းစစ်ဆေးအရေးယူပေးဖို့ သက်ဆိုင်ရာ မူရင်းကုမ္ပဏီတွေက တိုင်ကြားထား တာလို့ ဆိုပါတယ်။ 

ဒါကြောင့် လိုအပ်တဲ့ စုံစမ်းထောက်လှမ်းမှုတွေ ပြုလုပ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က ဗဟိုရဲတပ်ဖွဲ့ (CIB)၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့  နဲ့ အခြားတာဝန်ရှိသူတွေ ပူးပေါင်းပြီး စမွတ်စခွန်းခရိုင် စမွတ်စခွန်းမြို့ နားဒီးရပ်ကွက်ရှိ အရောင်းကိုယ်စားလှယ်ရုံးခန်းမှ Mrs.Sank ဆိုသူ မြန်မာအမျိုးသမီးတယောက်ကို သွားရောက်ဖမ်းဆီးခဲ့သလို ဘန့်ကော်ရပ်ကွက်ရှိ ဂိုဒေါင်တလုံးမှ သက်သေခံပစ္စည်းများစွာကိုလည်း ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အဆိုပါဂိုဒေါင်ကနေ H& Shoulder, Vaseline, Dr-Phone, Clean, D.Dent  စတဲ့ အမှတ်တံဆိပ်ပါ ခေါင်းလျှော်ရည်၊ အလှဆီ၊ သွားတိုက်ဆေး၊ ရေချိူးဆပ်ပြာ အစရှိ ထိုင်းမှာ နာမည်ကြီးနေတဲ့ လူသုံးကုန်ပစ္စည်းအတု  စုစုပေါင်း ၂၀၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

မသမာသူတွေဟာ အဆိုပါပစ္စည်းတွေကို အွန်လိုင်းပေါ်ရောင်းချပြီး Payment Gateway ငွေလွှဲစနစ်နဲ့  နိုင်ငံခြားကိုလည်း တိုက်ရိုက်ငွေလွှဲတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  Mrs.Sank က သူနဲ့ ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့ ပေါင်းလုပ်ကြောင်း၊ အဆိုပါပစ္စည်းတွေလည်း သူ့အပိုင်ပဲလို့ ဝန်ခံထားပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကို နိုင်ငံတွင်းမှတ်ပုံတင်ထားသော ကုန်ပစ္စည်းတွေအား တုပထားတဲ့ ကုန်ပစ္စည်းတွေအား ဖြန့်ဝေဖို့ သိုလှောင်ထားရှိမှု၊ တပါးသူရဲ့ အမည် ဒါမှမဟုတ် စကားလုံး/စာ လုံးတွေနဲ့ ပြည်သူတွေအား လှည့်စားမှု စတဲ့ ပြစ်မှုတွေနဲ့ တရားစွဲသွားမှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းတရုတ်အမျိုးသားနဲ့ အခြားပါဝင်ပတ်သက်သူတွေကိုလည်း စုံစမ်းဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။ 

Source - Bangkok Biznews / Police TV / Samoksakorn News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013