Home
နိုင်ငံတကာ
နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲ၌ ပါဝင်ရန် တောင်းဆိုမှု တရားမျှတမှုမရှိဟု တရုတ်ပြော
DVB
·
February 4, 2026
Photo :Reuters

New START စာချုပ်နောက်ဆက်တွဲ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရုရှားက အရင်ကတင်ပြခဲ့တဲ့ အဆိုပြုချက်တွေကို တရုတ်နိုင်ငံက မှတ်သားထားကာ အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်မှုကို အပြုသဘောဆောင်ပြီး အစစ်အမှန် ထိန်းသိမ်းမယ်လို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဖေဖော်ဝါရီ ၃ ရက်မှာ ရုရှား မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ရုရှားနဲ့ အမေရိကန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ New START စာချုပ်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ သက်တမ်းကုန်ဆုံးမှာပါ။

၂၀၁၉ ခုနှစ်မှာ အလယ်အလတ်အဆင့် နျူကလီးယားတပ်ဖွဲ့များ (INF) စာချုပ် ပျက်ပြယ်ပြီးနောက် New START စာချုပ်ဟာ နှစ်နိုင်ငံအကြား ကျန်နေတဲ့ တခုတည်းသော လက်နက်ထိန်းချုပ်ရေးစာချုပ်လည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံက New START ရဲ့ ကန့်သတ်ချက်တွေကို နောက်ထပ်တနှစ် ဆက်လိုက်နာဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အရင်က ကြေညာခဲ့ပေမဲ့ အမေရိကန်က မတုံ့ပြန်သေးဘူးလို့ ရုရှားမီဒီယာသတင်းထောက်က ထောက်ပြခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နျူကလီးယားလက်နက် ကန့်သတ်ချက်တွေကို ဆက်ထိန်းထားချင်ပြီး လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံကို ပါစေချင်တယ်လို့ အရင်က ဖော်ပြခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး Financial Times သတင်းစာက မေးမြန်းခဲ့ပါတယ်။

လင်က တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့အကြား သုံးပွင့်ဆိုင် နျူကလီးယားလက်နက် ထိန်းချုပ်ရေး ဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ရှင်းတယ်လို့ ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေဟာ တူညီတဲ့အဆင့်မှာ မရှိလို့ ဒီအဆင့်မှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဖို့ တရုတ်နိုင်ငံကို တောင်းဆိုတာဟာ တရားမျှတမှု ဒါမှမဟုတ် ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ လင်ကျန်းက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013