
ယူကရိန်းရဲ့ စွမ်းအင်အဆောက်အအုံတွေကို ရုရှားက အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ဒါဟာ ၂၀၂၆ ခုနှစ်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်လာပါတယ်။
ဖေဖော်ဝါရီ ၃ ရက် တိုက်ခိုက်မှုကြောင့် အပူစွမ်းအင်သုံးစက်ရုံပျက်စီးခဲ့ပြီး အိမ်ပေါင်း ၁၀၀၀ ကျော် လျှပ်စစ်မီး ပျက်တောက်ခဲ့တယ်လို့ ယူကရိန်း စွမ်းအင်ကုမ္ပဏီ DTEK က ပြောပါတယ်။
DTEK ဟာ စက်ရုံပျက်စီးမှုအခြေအနေကို ဖော်ပြခဲ့ပြီး ဒီဖော်ပြချက်နဲ့ပတ်သက်လို့ ဘယ်နေရာ ဘယ်အချိန်လဲဆိုတာ ရိုက်တာက အတည်ပြုတာမျိုးတော့မတွေ့ရသေးပါဘူး။
လျှပ်စစ်ထုတ်ပေးတဲ့ စက်နဲ့ ဖြန့်ဖြူးတဲ့စက်ပစ္စည်းတွေဟာ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေ မီးမရဘဲ ဖြစ်နေတယ်လို့ DTEK က တယ်လီဂရမ်မှာ ဖော်ပြခဲ့တာပါ။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ တုံ့ပြန်မှုကို စောင့်နေတဲ့အကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ဇလန်းစကီးက “စစ်ပွဲတွေ ရပ်ရမှာပါ။ ဒါပေမဲ့ ကမ္ဘာကြီး၊ အမေရိကန်နဲ့ ဥရောပက ရုရှားရဲ့ တိုက်ခိုက်မှုတွေကို မရပ်နိုင်သေးပါဘူး။ စစ်ပွဲတွေထပ်မဖြစ်ဘူးလို့ ဘယ်သူကမှ အာမခံနိုင်မှာလဲ။ ဒီအချိန်မှာ မတူညီတဲ့ ၂ ဘက်စလုံးမှာ ယုံကြည်မှုသေချာစေဖို့ ခြေလှမ်းတွေ စတင်ဖို့ လိုပါပြီ။ စစ်ပွဲတွေ ကျူးလွန်းတာထက် သံတမန်ရေးနည်းကို အသုံးပြုဖို့ ရုရှားကို ဖိအား ပေးနိုင်ဖို့ လိုအပ်လာပါပြီ” လို့ ပြောပါတယ်။
အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလဲဗစ်ကတော့ ရုရှားက ယူကရိန်းကို နောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အံ့အား သင့်စရာမရှိကြောင်း ပြောဆိုထားပါတယ်။
လက်ရှိအချိန် ယူကရိန်းမှာ အအေးဓာတ်ပိုလာလို့ သီတင်းတပတ် စစ်မတိုက်ဖို့ ပူတင်ကို ထရမ့်ပ်က ပြောထားတယ်ဆိုတဲ့ သတင်းထွက်လာပြီး အခုလို တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။
Source:Reuters


