
ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ဥရောပအင်အားကြီးနိုင်ငံတွေက ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားကို အနိုင်ယူဖို့ ကြိုးစားတာ မအောင်မြင်ကြောင်းနဲ့ အဲလိုလုပ်ဖို့ ကြိုးစားလို့ သူတို့ကိုယ်တိုင် စီးပွားရေးအရ အပြင်းအထန် ထိခိုက်နစ်နာခဲ့တယ်လို့ ပြောလိုက်ပါတယ်။
မက်ဗီဒက်ဗ်က “ဥရောပက ကျနော်တို့ကို အများကြီး အံ့အားသင့်စေခဲ့တယ်” လို့ ရိုက်တာနဲ့ TASS သတင်းဌာနတွေ၊ ဝါးဂွန်ဇိုတို့လို ရုရှားစစ်ပွဲ ဘလော့ဂါတွေနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
“ဥရောပဟာ သူ့ရဲ့ ကိုယ်ပိုင်လုပ်ရပ်တွေနဲ့ သူ့ရဲ့တည်ရှိမှုရဲ့ အခြေခံအုတ်မြစ်တွေကို ထိခိုက်စေတာဟာ အံ့သြစရာပါပဲ” လို့ မက်ဗီဒက်ဗ်က ပြောပါတယ်။
ဥရောပအင်အားကြီးနိုင်ငံတွေက ရုရှားကို မဟာဗျူဟာမြောက် အရှုံးတခု ဖြစ်စေချင်ပေမဲ့ ဘာမှ မအောင်မြင်ခဲ့ဘူးလို့ မက်ဗီဒက်ဗ်က ပြောပါတယ်။
Source: Reuters


