
ချဲလ်ဆီးအသင်းဟာ ဆုဖလားတွေနဲ့ သက်သေပြနိုင်တဲ့ အသင်းအဖြစ် နည်းပြရိုစီနီယာက အာဆင်နယ်နဲ့ ပွဲမတိုင်ခင်မှာ ချီးကျူးသွားပါတယ်။
အသင်းကွင်းလယ်လူ အန်ဇိုကိုကြည့်မယ်ဆိုရင် ကမ္ဘာ့ဖလားရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆုဖလား ၂ လုံးလည်း ရယူနိုင်သူဖြစ်ကြောင်းလည်း နည်းပြကပြောပါတယ်။
အသင်းသားတွေအားလုံးက ပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်း ပြသနိုင်ခဲ့ကြသူတွေဖြစ်ပြီး လာမဲ့ အာဆင်နယ်နဲ့ ပွဲစဉ်ဟာလည်း ပွဲကြီးပွဲကောင်းတပွဲ ဖြစ်လာမယ်လို့ နည်းပြ ရိုစီနီယာက ပြောပါတယ်။
မိမိအနေနဲ့ အာဆင်နယ်အသင်းနဲ့ နည်းပြအာတေတာတို့ ဆုဖလားရတာ၊ မရတာတွေကို ဘာမှ မှတ်ချက်မပေးလို ကြောင်းလည်း ချဲလ်ဆီးနည်းပြ ရိုစီနီယာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းကတော့ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာပါ။
Photo:Reuters


