
လီဗာပူးအသင်းဟာ ပြင်သစ်ကလပ်ရန်းနက်စ်က လူငယ်နောက်ခံလူ ဂျက်ကက်ကို ခေါ်ယူဖို့အကြို သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့ ဂျာရီမီဂျက်ကက်ဟာ ရင်းနက်စ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး ပြင်သစ် ယူ-၂၁ အသင်းမှာလည်း ရွေးချယ်ခံထားရသူပါ။
ဂျက်ကက်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းကလည်း ချိတ်ဆက်ခဲ့ပေမဲ့ လီဗာပူးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးဟာ ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ ဗဟိုနောက်ခံလူ ဂျက်ကက်အတွက် ကနဦးပေါင် ၅၅ သန်း ပေးချေမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၅ သန်းပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ အပြီးသတ် မဖြစ်မြောက်သေးပေမဲ့ ကစားသမားဖြစ်သူနဲ့ သဘောတူညီမှုလည်းရ ယူထားပြီးဖြစ်ကာ ဂျက်ကတ်ဟာ ဗန်ဒိုက်နဲ့ ကိုနာတေးတိုရဲ့နေရာအတွက် ရေရှည်အစားထိုးမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြပါတယ်။


