
ကနေဒါနိုင်ငံကိုရောက်နေတဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၁ က ဇန်နဝါရီ ၃၁ ရက်က ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့မှာ မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး ကရင်နီပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ အဲဒီဒေသက ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ၂၉ မိနစ်နီးပါးကြာတဲ့ Roots of Revolution: Building bottom-up democracy in Eastern Burma ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သလို ကရင်နီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကူညီပေးဖို့ ပြောဆိုခဲ့ပါတယ်။
ကရင်နီဒေသအတွင်းမှာရှိနေတဲ့ ပြည်သူ ၂၅၀,၀၀၀ ကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ရှိနေပြီး ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ပညာရေးအတွက် လိုအပ်ချက်များစွာ ရှိနေတယ်လို့ ပြောပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တော်လှန်တိုက်ပွဲဝင်နေဆဲ ဖြစ်သလို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် Bottom-up Federalism ဖြစ်ဖို့ လိုတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၁ က ပြောပါတယ်။


