
အိန္ဒိယဟာ အီရန်ကနေ ရေနံဝယ်မဲ့အစား ဗင်နီဇွဲလားဆီကနေ ရေနံကို ဝယ်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၃၁ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်က “ကျနော်တို့ဟာ အဲဒီသဘောတူညီချက်ကို ချုပ်ဆိုပြီးပါပြီ။ သဘောတူညီချက်ရဲ့ သဘောတရားပါ” လို့ သတင်းထောက်တွေကို ဝါရှင်တန်ဒီစီကနေ ဖလော်ရီဒါကို သွားတဲ့ Air Force One လေယာဉ်ပေါ်မှာ ပြောခဲ့ပါတယ်။
ရုရှားဆီက ရေနံတင်သွင်းမှုကို အစားထိုးဖို့ မကြာခင် ဗင်နီဇွဲလားကနေ ရေနံဝယ်တာတွေကို ပြန်စနိုင်တယ်လို့ အမေရိကန်က အိန္ဒိယအစိုးရကို ပြောအပြီး တရက်အကြာမှာ ထရမ့်ပ်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားရေနံဝယ်ယူဖို့ အမေရိကန်နဲ့ သဘောတူညီချက်တရပ် ချုပ်ဆိုဖို့ တရုတ်နိုင်ငံကလည်း ကြိုဆိုတယ်လို့ ထရမ့်ပ်က စနေနေ့မှာ ပြောခဲ့ပါတယ်။
Source: Reuters


