
တရုတ်စစ်တပ်ဟာ ပိုင်နက်အငြင်းပွားနေတဲ့ ဟွမ်းယန်ဒေါင် ရေတိမ်သောင်ခုံအနား ပတ်ဝန်းကျင်မှာ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်ရေးအသင့်ပုံစံနဲ့ ကင်းလှည့်ခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်ဌာနချုပ်က ဇန်နဝါရီလဆန်းကစပြီး ဟွမ်းယန်ဒေါင် နယ်မြေပတ်ဝန်းကျင်က ရေပြင်နဲ့ လေပိုင်နက်မှာ ကင်းလှည့်ဖို့နဲ့ သတိရှိမှုကို တိုးမြှင့်ဖို့ ရေတပ်နဲ့ လေတပ်တွေကို ဖွဲ့စည်းခဲ့ပါတယ်။
ဒီနောက် ဒေသတွင်း နိုင်ငံတချို့ရဲ့ ချိုးဖောက်မှုနဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို ပြတ်ပြတ်သားသား တန်ပြန်ခဲ့တယ်လို့ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒီလေ့ကျင့်မှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ဖို့နဲ့ တောင် တရုတ်ပင်လယ်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တယ်လို့လည်း တရုတ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောပါတယ်။


