Home
နိုင်ငံတကာ
အာတိတ်သမုဒ္ဒရာတွင် ရုရှားလေယာဉ်နှင့် ဒုံးကျည်တင်သင်္ဘောများ ကင်းလှည့်ပျံသန်း၊ ဗြိတိန်က စစ်ရေးအသင့်ပြင်
DVB
·
November 26, 2025
Photo: File Photo

ရုရှားရဲ့ မဟာဗျူဟာမြောက် ဒုံးကျည်တင်သင်္ဘောတွေဟာ အာတိတ်သမုဒ္ဒရာရဲ့ ကြားနေရေပြင်ပေါ်မှာ ကင်းလှည့် ခုတ်မောင်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။ 

Tu-160 လေယာဉ်တွေကလည်း အဲဒီဒေသမှာ ၁၁ နာရီကြာ ကင်းလှည့်ပျံသန်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန RIA က ဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ Tu-160 လေယာဉ်တွေ ပျံတက်နေပုံတွေနဲ့ ပျံသန်းနေပုံတွေကို ပြသထားပါတယ်။ ဗီဒီယိုရဲ့ ရက်စွဲနဲ့ ရိုက်ကူးတဲ့နေရာကို အတည်မပြုနိုင်သေးပါဘူး။ 

ဗြိတိန်တော်ဝင်လေတပ်ကလည်း အခုအချိန်အထိ ဗြိတိန် ပိုဆေးဒွန် ရေတပ်ရဲ့ အကြီးမားဆုံး ပြည်ပတပ်ချထားမှုအဖြစ် အမှတ်120 တပ်ခွဲက RAF P-8A ပိုဆေးဒွန် ရေကြောင်းကင်းလှည့် လေယာဉ်သုံးစင်းကို RAF Lossiemouth ကနေ အိုက်စလန်နိုင်ငံက ခေဖှလာဗစ်ခ် Keflavik လေတပ်စခန်းဆီ တပ်ချ ဖြန့်ကြက်ခဲ့ပါတယ်။ 

ရုရှားရေတပ်က လှုပ်ရှားမှုတွေ တိုးလာပြီး အရေးကြီးတဲ့ ရေအောက်အခြေခံ အဆောက်အအုံတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာ ဒီတပ်ဖြန့်မှုဟာ မြောက်အတ္တလန္တိတ်နဲ့ အာတိတ်ဒေသမှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ စစ်ရေး စောင့်ကြည့်မှုကို တိုးမြှင့်ပေးခဲ့ပါတယ်။ 

တော်ဝင်ဗြိတိသျှစစ်တပ်ဟာ ပိုဆေးဒွန် ရေတပ်ရဲ့ သုံးပုံတပုံကို ဟိုက်နော့သ်အရပ်မှာ စုစည်း ထားခြင်းအားဖြင့် ဗြိတိန်ရဲ့  စစ်ဆင်ရေးအသင့်ဖြစ်မှုနဲ့ NATO ရဲ့ မြောက်ဘက်တောင်ပံမှာ စုပေါင်းတားဆီးရေးအတွက် ရေရှည်ကတိကဝတ် နှစ်ခုလုံးကို ပြသခဲ့ပါတယ်။ 

ငြိမ်းချမ်းတဲ့ကာလ နိုးကြားရေးလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် NATO ပင်လယ်ရေကြောင်း စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အောက်မှာ ဆောင်ရွက်တဲ့ ဒီစစ်ဆင်ရေးဟာ ခေတ်မီရေကြောင်း ကင်းလှည့်စွမ်းရည်တွေကို အတ္တလန္တိတ်ဖြတ်ကျော်လုံခြုံရေးအတွက် အဓိကကျနေဆဲဖြစ်တဲ့ ပထဝီဝင် မြေပြင်အနေအထားနဲ့ ချိတ်ဆက်ပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013