
အပြောင်းအရွှေ့ဈေကွက်မပိတ်ခင် ကစားသမားခေါ်ယူမှု ရှိလာနိုင်သေးကြောင်း မန်ယူနိုက်တက်ရဲ့ ယာယီနည်းပြမိုက်ကယ်ကာရစ်က ပြောသွားပါတယ်။
ကာရစ်ဟာအသင်းနဲ့ အဖွင့် ၂ ပွဲမှာ ထိပ်တန်း ၂ သင်းဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကို အနိုင်ရရှိအောင် စွမ်းဆောင်ထားသူပါ။
လက်ရှိလူစာရင်းအပေါ် ကျေနပ်မှုရှိပေမဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင်မှာ ကစားသမား ခေါ်ယူမှုတွေ ရှိလာနိုင်ကြောင်းနဲ့ တခါတလေမှာ အပြောင်းအရွှေ့ကိစ္စအပေါ် နည်းပြတယောက်က အလုံးစုံမထိန်းချုပ်နိုင်တာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်သေးကြောင်း ကာရစ်က ပြောပါတယ်။
ယူနိုက်တက်မှာ တိုက်စစ်မှူး ဇက်ဇီးရဲ့အနာဂတ်လူပ်ခတ်နေပေမဲ့ ရောင်းချဖို့ မရှိဘဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့အပေါ် ဝမ်းမြောက်မိကြောင်း နည်းပြကာရစ်ကပြောထားပါတယ်။
Photo: Reuters


