Home
အားကစား
ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွင် ရီးရဲလ်နှင့် ဘင်ဖီကာ ပြန်တွေ့
DVB
·
January 31, 2026
Photo :Reuters

ဥရောပချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့အတွက် အမှတ်ပေးဇယား အဆင့် ၉ ကနေ့ ၂၄ အထိ ရတဲ့အသင်းတွေ ကစားရတဲ့ ရှုံးထွက်ပွဲစဉ်အတွက် မဲခွဲရာမှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့  နည်းပြမော်ရင်ဟိုရဲ့ ဘင်ဖီကာအသင်းတို့ ပြန်ကစားရဖို့ ရှိနေပါတယ်။ 

ချန်ပီယံလိဂ် အမှတ်ပေးပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲမှာ ဘင်ဖီကာအသင်းက ဂိုးသမား ထရူးဘင်ရဲ့  နောက်ဆုံးမိနစ်ဂိုးအပါအဝင် ၄ ဂိုး ၂ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရပြီး ဒီရှုံးထွက်ပွဲကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ဘင်ဖီကာကို ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာကို ရောက်သွားပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ခွင့်နဲ့ လွဲသွားခဲ့တာပါ။

ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို လာမဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဘင်ဖီကာအသင်းရဲ့ အိမ်ကွင်းမှာ ကစားရဖို့ရှိနေပြီး ဒုတိယအကျော့ကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကစားရမှာ ဖြစ်ပါတယ်။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013