
ဥရောပချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့အတွက် အမှတ်ပေးဇယား အဆင့် ၉ ကနေ့ ၂၄ အထိ ရတဲ့အသင်းတွေ ကစားရတဲ့ ရှုံးထွက်ပွဲစဉ်အတွက် မဲခွဲရာမှာ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြမော်ရင်ဟိုရဲ့ ဘင်ဖီကာအသင်းတို့ ပြန်ကစားရဖို့ ရှိနေပါတယ်။
ချန်ပီယံလိဂ် အမှတ်ပေးပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲမှာ ဘင်ဖီကာအသင်းက ဂိုးသမား ထရူးဘင်ရဲ့ နောက်ဆုံးမိနစ်ဂိုးအပါအဝင် ၄ ဂိုး ၂ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရပြီး ဒီရှုံးထွက်ပွဲကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက ဘင်ဖီကာကို ရှုံးနိမ့်ခဲ့တဲ့အတွက် အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာကို ရောက်သွားပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ခွင့်နဲ့ လွဲသွားခဲ့တာပါ။
ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို လာမဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဘင်ဖီကာအသင်းရဲ့ အိမ်ကွင်းမှာ ကစားရဖို့ရှိနေပြီး ဒုတိယအကျော့ကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကစားရမှာ ဖြစ်ပါတယ်။
Photo: Reuters


