
ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြဖြစ်တဲ့ မိမိမှာ တာဝန်ရှိကြောင်း မက်ဒရစ် နည်းပြ အာဘီလိုအာက ဝန်ခံပြောသွားပါတယ်။
အမ်ဘာပေရဲ့ မိနစ် ၃၀ ဦးဆောင်ဂိုးနဲ့ မက်ဒရစ်က ဂိုးစရခဲ့ပေမဲ့ ဘင်ဖီကာက ၃ ဂိုးဆက်တိုက်သွင်းခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာ အမ်ဘာပေက ချေပဂိုးတဂိုး ထပ်သွင်းခဲ့လို့ ပွဲအပြီးမှာ ၄ ဂိုး ၂ ဂိုးရလဒ်နဲ့ ရူံးနိမ့်ခဲ့တာပါ။
ဒီပွဲအရှုံးကြောင့် မက်ဒရစ်အသင်းက ၁၆ သင်း အဆင့် တိုက်ရိုက် တက်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ပလေးအော့ဖ်အဆင့်ကနေ ပြန်လည် ကစားရတော့မှာပါ။
မိမိတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်ခြင်းမရှိခဲ့ကြောင်းနဲ့ ဒီလိုပွဲမှာအနိုင်ရဖို့ဆိုရင် ပွဲချိန် ပြည့် အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာဘီလိုအာက ပြောပါတယ်။
ဒီလို အဆင့်ပြိုင်ပွဲမှာ စွမ်းဆောင်ရည်မကောင်းခဲ့တာက နည်းပြဖြစ်တဲ့ မိမိမှာ တာဝန်ရှိပြီး လိုချင်တဲ့ ကစားပုံရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း နည်းပြအာဘီလိုအာက ပြောသွားပါတယ်။


