
မက်ဆီသာ ဘာစီလိုနာအသင်းဆီ ပြန်လာမယ်ဆိုရင် မိမိရဲ့ ပွဲထွက်ခွင့်တနေရာကို ပေးအပ်နိုင်ကြောင်း ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဖာမင်လိုပက်ဇ်က ပြောသွားပါတယ်။
မက်ဆီဟာ ၂၀၂၁ ခုနှစ်က ဘာစီလိုနာကနေ ထွက်ခွာသွားတာဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လာဖို့ သတင်းတွေ ထွက်ပေါ် နေတာပါ။
ဘာစီလိုနာ ကွင်းလယ်ကစားသမား လိုပက်ဇ်ကတော့ အသင်းအတွက် ကစားသမားတယောက် ခေါ်ယူခွင့် ရရှိမယ်ဆိုရင် လီယွန်နယ်မက်ဆီကို ခေါ်ယူမှာဖြစ်ပြီး မက်ဆီ ရောက်လာဖို့ မိမိရဲ့ ပွဲထွက်ခွင့် ပေးရပြီး အရန်ခုံထိုင်ရမယ်ဆိုရင်လည်း ကိစ္စမရှိကြောင်း ဖာမင်လိုပက်ဇ်က ပြောသွားတာပါ။
အသက် ၂၂ နှစ်ရှိ ဘာစီလိုနာ ငယ်မွေးခြံပေါက်ကစားသမား လိုပက်ဇ်ဟာ အခုနှစ်ရာသီ ၂၆ ပွဲမှာ ၁၀ ဂိုး သွင်းထားသလို ၁၁ ကြိမ်အထိ ဂိုးဖန်တီးထားပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
Photo: Reuters


