
တိုက်စစ်မှူး မားကပ်ရှ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ ပထမဆုံး ဆုဖလားအဖြစ် စပိန် စူပါဖလား ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီပွဲမှာ ရက်ရှ်ဖို့ဒ်က ပွဲထွက်ခွင့်မရခဲ့ပေမဲ့ ပွဲချိန် ၈၃ မိနစ်မှာ လူစားဝင် ကစားခဲ့တာပါ။ မန်ယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းကာ ၈ ကြိမ် ဂိုးဖန်တီးမှု ရရှိထားတာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ မနှစ်ကရာသီနောက်ပိုင်းမှာလည်း အက်စ်တန်ဗီလာဆီ အငှားထွက်ကစားခဲ့ပါသေးတယ်။


