
ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားသွားရမဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြန်ဖို့ အသင်းသားတွေကို ဘာစီလိုနာ နည်းပြ ဟန်ဆီဖလစ်ခ်က တိုက်တွန်းသွားပါတယ်။
ဘာစီလိုနာဟာ ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲက စွမ်းဆောင်ရည်အတိုင်း ရီးရဲလ်နဲ့ ပွဲမှာ ကစားဖို့ တိုက်တွန်းခဲ့တာပါ။
အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်ဖြစ်လို့ ဘီလ်ဘာအိုနဲ့ ပွဲစဉ်ကလို ကစားနိုင်ဖို့ မျှော်လင့်ပြီး ကွင်းထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည် မြင်တွေ့ချင်ကြောင်း၊ မက်ဒရစ်က ကမ္ဘာ့အဆင့် ကစားသမားတွေရှိတဲ့ အသင်းကောင်းဖြစ်ပေမဲ့ မိမိရဲ့အသင်းအပေါ်မှပဲ အာရုံစိုက်ထားပြီး ဆုဖလားရယူသွားချင်ကြောင်း နည်းပြဖလစ်ခ်က ပြောပါတယ်။
ရီးရဲလ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အက်သလက်တီကို အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လာခဲ့တာပါ။
ဒီနှစ်သင်းဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလက နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ရီးရဲလ်က အိမ်ကွင်း ဘာနေဗျူးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။


