
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ မအုပ်ချုပ်နိုင်သေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာကြောင်း ဇန်နဝါရီ ၂၉ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်တွေကို ကြေညာခဲ့တဲ့ အရေးပေါ်အခြေအနေအတိုင်း အခုလည်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၆ နဲ့ ဇန်နဝါရီ ၂၉ ရက်ကစပြီး နောက်ထပ် ရက်ပေါင်း ၉၀ အထိဖြစ်ကြောင်း ထပ်မံကြေညာလိုက်တာ ဖြစ်ပါတယ်။
အခုလို အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးနဲ့ ဆက်လက်အုပ်ချုပ်သွားမှာဖြစ်ကြောင်းကိုလည်း တဆက်တည်း ကြေညာခဲ့ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ မန္တလေးတိုင်းမှာ မိုးကုတ် အပါအဝင် ၃ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ ကောလင်းမြို့နယ် အပါအဝင် မြို့နယ် ၉ မြို့နယ်၊ မကွေးတိုင်းမှာ ပေါက်၊ မြိုင်မြို့နယ် အပါအဝင် ၅ မြို့နယ်၊ ရှမ်းပြည်နယ်မှာ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ် အပါအဝင် ၁၅ မြို့နယ်၊ ကချင်ပြည်နယ်မှာ ရွှေကူ၊ ချီဖွေမြို့နယ် အပါအဝင် ၅ မြို့နယ်၊ ချင်းပြည်နယ်မှာ ကန်ပက်လက်၊ ထန်တလန်မြို့နယ် အပါအဝင် ၇ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော အပါအဝင် ၁၄ မြို့နယ်နဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ ဖားဆောင်းမြို့နယ် အပါအဝင် ၃ မြို့နယ်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဝ (UWSA) လက်အောက်က ဟိုပန်မြို့နယ်နဲ့ NDAA လက်အောက်က မိုင်းလားမြို့နယ် တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။


