
အက်စ်တန်ဗီလာအသင်းဟာ နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
ဘရာဇီးသားကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူလိုခဲ့ပေမဲ့ လူးဝစ်က အသင်းဟောင်း ဗီလာကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။
အငှားစာချုပ်နဲ့ ဆိုပေမဲ့ ရာသီအကုန်မှာ ဗီလာအသင်းက အပြီးသတ်ဝယ်ယူခွင့် ရရှိမယ်လို့ သိရပါတယ်။
ဗီလာကွင်းလယ်လူ တိုင်လေမန်စ်နဲ့ ဂျွန်မက်ဂင်းတို့အပြင် ကာမာရာနဲ့ ရော့ဘာကလေတို့လည်း ဒဏ်ရာအသီးသီး ရရှိနေတာကြောင့် အသင်းကစားသမားဟောင်း လူးဝစ်ကို ပြန်လည်ခေါ်ယူခဲ့တာပါ။
လူးဝစ်ဟာ ဗီလာအသင်းမှာ ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ်အထိ စုစုပေါင်း ၂၀၄ ပွဲ ကစားခဲ့တဲ့ ကစားသမားဟောင်းတယောက် ဖြစ်ပါတယ်။
Photo: Reuters


