
ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ကစားသမား ရော်ဂျာကို အက်စ်တန်ဗီလာအသင်းက ၂၀၃၁ ခုနှစ် အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကမှ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကနေ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဗီလာနဲ့ တရာသီခွဲကာလမှာ ၁၇ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံထားရသူပါ။
မော်ဂန်ရော်ဂျာကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ဗီလာအသင်းက စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာ ကာလရှည် ဆက်ထိန်းနိုင်ခဲ့တာပါ။
ရော်ဂျာဟာ မနှစ်က တရာသီအတွင်း ၁၄ ဂိုးသွင်းပြီး ၁၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း PFA က ချီးမြှင့်တဲ့ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့သူဖြစ်ပါတယ်။
Photo:Reuters


