
အက်စ်တန်ဗီလာအသင်းဟာ ဘက်ဆစ်တပ်မှာ အငှားကစားနေတဲ့ ရိုးမားတိုက်စစ်မှူး တမ်မီအေဗရာ ဟမ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ တူရကီကလပ် ဘက်ဆစ်တပ်မှာ ၁၃ ဂိုးသွင်းကာခြေစွမ်းပြနေပြီး ဗီလာအသင်းက ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။
ဗီလာဟာ ၂၀၁၈-၂၀၁၉ ရာသီက အေဗရာဟမ်ကို အငှားခေါ်ယူခဲ့ဖူးပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ၂၆ ဂိုးအထိသွင်းယူထားကာ ပရီးမီးယားလိဂ်ဆီတန်းတက်ဖို့အတွက် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။
အေဗရာဟမ်ဟာ မနှစ်က အေစီမီလန်မှာ အငှားကစားခဲ့ပြီး ၁၀ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီး နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အပြောင်းအရွှေ့ မပြီးပြတ်သေးပေမဲ့ လာမဲ့ ရက်သတ္တတပတ်အတွင်းမှာ အပြီးသတ်နိုင်တော့မှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
Photo: Reuters


