Home
အားကစား
အင်္ဂလန်တိုက်စစ်မှူး အေဗရာဟမ်ကိုခေါ်ယူရန် ဗီလာအသင်း ဆွေးနွေး
DVB
·
January 21, 2026
Photo :Reuters

အက်စ်တန်ဗီလာအသင်းဟာ တူရကီကလပ် ဘက်ဆစ်တပ် တိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

ဗီလာအသင်းရဲ့အပြောင်းအရွှေ့ အရာရှိချုပ် ရော့ဘတ်တိုအိုလာဘီဟာ ဘက်ဆစ်တပ်အသင်းရဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အေဗရာဟမ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အကဲခတ်ခဲ့တယ်လို့ သိရပါတယ်။

ဗီလာတာဝန်ရှိသူတွေဟာ ဇန်နဝါရီ ၂၀ ရက်က ဘက်ဆစ်တပ်အသင်းနဲ့လည်း ဆွေးနွေးခဲ့ပြီး အေဗရာဟမ်ကိုခေါ်ယူဖို့ နီးစပ်လာခဲ့တာပါ။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အေဗရာဟမ်ဟာ ၂၀၁၈-၂၀၁၉ ရာသီက ဗီလာအသင်းမှာ တရာသီအငှား လာကစားခဲ့ဖူးသူဖြစ်ပြီး ၂၆ ဂိုးအထိ သွင်းယူပေးခဲ့သူပါ။

အခုနှစ်ရာသီမှာ ဘက်ဆစ်တပ်အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲကစားအပြီးမှာ ၁၃ ဂိုးသွင်း ၃ ကြိမ်ဂိုးဖန်တီးခဲ့သူ ဖြစ်ပါတယ်။

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013