
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရူတေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တို့ဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) အကြား တင်းမာမှုတွေကို လျှော့ချဖို့ လုပ်ငန်းဆောင်တာ ၂ ခုကို သဘောတူခဲ့ကြတယ်လို့ ရူတေက ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။
ရူတေက “အဲဒီထဲက တခုက NATO ရဲ့ တာဝန် ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြီးခဲ့တဲ့အပတ်က ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာ ကျနော်တို့ သဘောတူခဲ့တာက ရှေ့ဆက်လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာ ၂ ခုပါ။ တခုက NATO က အာတိတ်ဒေသကို အတူတကွ ကာကွယ်ရေးအတွက် ပိုတာဝန်ယူဖို့ပါ” လို့ ဥရောပလွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။
NATO ပါဝင်ပတ်သက်ခွင့်မရှိတဲ့ ဒုတိယလုပ်ငန်းကတော့ အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ ဆက်ဆွေးနွေးရမဲ့ အကြောင်းပါလို့ ရူတေက ပြောပါတယ်။
Source: Reuters


