Home
အားကစား
၂၀၂၇ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အမှတ်တံဆိပ်လိုဂိုကို ဖီဖာ ကြေညာ
DVB
·
January 27, 2026
Photo: REUTERS/Ricardo Moraes

၂၀၂၇ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ တရားဝင် လိုဂိုကို ဇန်နဝါရီ ၂၅ ရက်က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာကျင်းပတဲ့ ဂါလာအခမ်းအနားမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ထုတ်ဖော် ကြေညာပါတယ်။ 

ဒီအခမ်းအနားအတွင်း ပြိုင်ပွဲ လက်ခံကျင်းပမဲ့မြို့တွေဖြစ်တဲ့ ဘယ်လိုဟိုရီဇွန်တေး၊ ဘရာစီလီယာ၊ ဖို့တလီဇာ၊ ပေါ်တိုအလီဂရီ၊ ရီစီဖီ၊ ရီယိုဒီဂျနေရို၊ ဆာလ်ဗာဒေါ်နဲ့ ဆာအိုပေါလို မြို့တွေရဲ့ လိုဂိုတွေကိုလည်း ပြိုင်ပွဲရဲ့ အမြင်ပိုင်း အမှတ်တံဆိပ်ဒီဇိုင်းရဲ့ အစိတ်အပိုင်းအဖြစ် ပြသခဲ့ပါတယ်။ 

ဘရာဇီးဘောလုံးလောကမှာ ဂုဏ်သတင်းကြီးတဲ့ မာတာက အသံသွင်း မက်ဆေ့ချ်ကတဆင့် အမျိုးသမီးကမ္ဘာ့ဖလားကို “အမျိုးသမီးဘောလုံးရဲ့ အမြင့်ဆုံးအဆင့်”လို့ ဖော်ပြခဲ့ပြီး၊ ဘရာဇီးနိုင်အနေနဲ့ ဒီပြိုင်ပွဲကို “ဂုဏ်ယူမှု၊ စိတ်လှုပ်ရှားမှုနဲ့ ယုံကြည်မှုအပြည့်နဲ့” ကြိုဆိုလက်ခံဖို့ အသင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၇ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးနိုင်ငံမှာ ၂၀၂၇ ခုနှစ် ဇွန် ၂၄ ရက်ကနေ ဇူလိုင် ၂၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံအသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013