
FIFA ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားကြီးဟာ ကမ္ဘာလှည့်ခရီးစဉ်ရဲ့ အစအဖြစ် ဇန်နဝါရီ ၃ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့ကို စတင်ရောက်ရှိလာပါတယ်။
ဒီခရီးစဉ်အတွင်း ကမ္ဘာ့ဖလားကြီးဟာ FIFA အဖွဲ့ဝင်နိုင်ငံ ၃၀ ကို လည်ပတ်သွားမှာဖြစ်ကာ စုစုပေါင်း ရပ်နားရာနေရာ ၇၅ ခု၊ ခရီးစဉ်ကာလ ၁၅၀ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားနယ်လှည့်ခရီးစဉ်ကို ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံဖြစ်လာမဲ့ ဆော်ဒီအာရေဗျနိုင်ငံကနေ စတင်ခဲ့ပြီးနောက် အခုနှစ်ပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို ၃ နိုင်ငံကို ဆက်လက်ခရီးထွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ မော်ရိုကို၊ ပေါ်တူဂီ၊ စပိန်နိုင်ငံတွေကိုလည်း လည်ပတ်သွားလာဦးမှာ ဖြစ်ပါတယ်။
ရီယာဒ်မြို့မှာ ပြုလုပ်တဲ့ ပထမဆုံး ရပ်နားရာနေရာမှာ အီတလီ ကမ္ဘာ့ဖလား အနိုင်ရ ကစားသမားဟောင်း ဒယ်ပီရာရိုက ဖလားကို ကိုင်ဆောင်လာခဲ့ပြီး အခမ်းအနားမှာ ဆော်ဒီ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ လာမီရာဘာဟာရီအန် အပါအဝင် ဆော်ဒီအာဏာပိုင်တွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
Source: Reuters


