
ယီမင်နိုင်ငံ ဆာယွန်ဒေသက တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ ခွဲထွက်ရေးသမားတွေရဲ့ နေရာတွေမှာ ဇန်နဝါရီ ၂ ရက်က ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြထားတဲ့ ဗီဒီယိုထဲမှာ လက်နက်ကိုင်အမျိုးသားတွေဟာ သဲအိတ်တွေနဲ့ ဖုံးအုပ်ထားတဲ့ ယာယီကတုတ်ကျင်းတွေရဲ့ နောက်မှာ ပုန်းအောင်းနေတာကို တွေ့ရပြီး ပေါက်ကွဲမှုတွေ ဖြစ်ပြီးတဲ့နောက် မီးခိုးတွေ မီးတောက်တွေကို မြင်တွေ့ရပါတယ်။
ယီမင်တောင်ပိုင်း ခွဲထွက်ရေးလှုပ်ရှားမှုက ပင်လယ်ကွေ့နိုင်ငံတွေကြား အကြီးစားရန်စတွေ ဖြစ်စေခဲ့တဲ့ လှုပ်ရှားမှုအနေနဲ့ နိုင်ငံရဲ့နယ်မြေတွေကို သိမ်းပြီးတဲ့နောက် မြောက်ပိုင်းကနေ ၂ နှစ်အတွင်း လွတ်လပ်ရေးယူရေး ဆန္ဒခံယူပွဲ ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိုးရဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို ကျောထောက်နောက်ခံပြုထားတဲ့ STC ဆီကနေ အရေးပါတဲ့ ဟာဒရာမောင့်ဒေသကို ပြန်သိမ်းဖို့ ကြိုးပမ်းနေချိန်မှာ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source: Reuters


