
ယီမင်တောင်ပိုင်းကို အုပ်ချုပ်နေတဲ့ ခွဲထွက်ရေးဝါဒီ တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ (STC) သယ်ယူပို့ဆောင်ရေးဝန်ကြီးက အေဒင်လေဆိပ်ကို ပိတ်ချလိုက်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆော်ဒီသတင်းရင်းမြစ်တခုက ဇန်နဝါရီ ၁ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လေဆိပ်မပိတ်သိမ်းခင် ဇန်နဝါရီ ၁ ရက်နေ့မှာပဲ ယီမင်လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ အေဒင်လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ထွက်ခွာခန်းမအတွင်းမှာလည်း ခရီးသည်တွေ သူတို့ရဲ့ လေယာဉ်ခရီးစဉ်တွေအတွက် စောင့်ဆိုင်းနေကြပါတယ်။
ခရီးသည်တွေကတော့ လေယာဉ်ရဖို့ ၃ ရက်လောက် စောင့်ဆိုင်းခဲ့ရပြီး လေဆိပ်ကိုရောက်မှ လေယာဉ်နောက်ကျနေပြီး လေဆိပ်ပိတ်လိုက်ကြောင်း ကြားသိရလို့ သူတို့ရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေ ဒုက္ခရောက်ရပြီလို့ ပြောကြပါတယ်။
ဒါပေမဲ့ လေဆိပ်ပိတ်လိုက်ရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိဘူးလို့လည်း ဆိုပါတယ်။
ဆော်ဒီအထောက်အပံ့ရ အစိုးရဟာ နိုင်ငံအတွင်း တင်းမာမှုတွေ တိုးမြင့်လာမှာကို ထိန်းချုပ်ဖို့အတွက် ယူအေအီးရဲ့ အဘူဒါဘီနဲ့ ဒူဘိုင်းကို သွားလာတဲ့ လေကြောင်းခရီးစဉ်တွေကို အပိုင်းလိုက် ကန့်သတ်ဖို့ အမိန့် ထုတ်ပြန်ထားတာ ဖြစ်ပေမဲ့ ဝန်ကြီးဟာ အမိန့်ကိုမလိုက်နာဘဲ လေကြောင်းသွားလာမှု အားလုံးကို ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
Source: Reuters


