Home
အားကစား
ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ရန် ဘိုင်ယန်အသင်း ဆွေးနွေးနေ 
DVB
·
January 27, 2026
Photo :Reuters

တိုက်စစ်မှူး ဟယ်ရီကိန်းကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း ဘိုင်ယန်မြူးနစ်အားကစား ဒါရိုက်တာ မက်အက်ဘာရယ်က အတည်ပြုသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ပရီးမီးယားလိဂ်ဆီ ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်းကို အသင်းမှာဆက်ရှိစေဖို့အတွက် စာချုပ်သစ်ကိစ္စဆွေးနွေး နေကြောင်း ဘိုင်ယန်အားကစားဒါရိုက်တာက အတည်ပြုခဲ့တာပါ။

အသက် ၃၂ နှစ်ရှိလာတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အခုနှစ်ရာသီပြိုင်ပွဲစုံ ပွဲ ၃၀ မှာ ၃၄ ဂိုးအထိသွင်းယူပြီး အကောင်းဆုံးခြေစွမ်းပြပြသနေသူပါ။

ပရီးမီးယားလိဂ်သွင်းဂိုး ၂၁၃ ဂိုး ရရှိထားတဲ့ ဟယ်ရီကိန်းဟာ အလန်ရှီးယားရဲ့ သွင်းဂိုး အများဆုံးစံချိန်ကို လိုက်မီဖို့ ၄၇ ဂိုးလိုအပ်နေပြီး  အဲဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့ အင်္ဂလန်ဆီ ပြန်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ကိန်းဟာ မနှစ်ကဘိုင်ယန်နဲ့အတူ ကစားသမားဘဝပထမဆုံးဆုဖလားတွေအဖြစ် ဘွန်ဒက်စ်လီဂါချန်ပီယံဆုနဲ့  ဂျာမန်စူပါဖလား တွေရယူထားပါတယ်။

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013