
ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဇန်နဝါရီ ၂၄ ရက်က ကစားခဲ့တဲ့ အော့စ်ဘက်နဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ရှုံးပွဲမရှိစံချိန် ပျက်ပြယ်သွားပါတယ်။
ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၈ ရက်က ကစားခဲ့တဲ့ ဘိုချန်နဲ့ပွဲမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ၂၇ ပွဲဆက်တိုက်ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပေမဲ့ မနေ့ညက အော့စ်ဘက်နဲ့ပွဲမှာ စံချိန် ရပ်တန့်သွားခဲ့တာပါ။
ဂျပန်နောက်ခံလူ အီတိုက ပွဲချိန် ၂၃ မိနစ်မှာကတည်းက ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ပွဲချိန် ၇၅ မိနစ်နဲ့ ၈၁ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး ရှုံးပွဲတွေ့ခဲ့ရတာပါ။
ဒီပွဲရှုံးနိမ့်သွားသည့်တိုင် ဘိုင်ယန်အသင်းက ဒုတိယနေရာက ဒေါ့မွန်ကို ၈ မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။
Photo: Reuters


