
အနာဂတ်ကိစ္စအပေါ် အရေးတကြီးစဉ်းစားဖို့ မလိုအပ်သေးကြောင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်နေသေးပြီး ဘိုင်ယန်မြူးနစ်ဘက်က စာချုပ်သက်တမ်းတိုးသွားဖို့ ရှိပါတယ်။
တဖက်မှာလည်း အင်္ဂလန်ပရီးမီးယားလိဂ်ဆီ ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေချိန်မှာ အနာဂတ်ကိစ္စအပေါ် အဆောတလျင်လုပ်ဆောင်ဖို့ မလိုသေးကြောင်း ဟယ်ရီကိန်းက ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ချိန်တုန်းက ပရီးမီးယားလိဂ်ဆီ ပြန်လာမယ်လို့ ပြောခဲ့တာမျိုး ရှိပေမဲ့ လက်ရှိအချိန်မှာတော့ မြူးနစ်မှာ ဇနီးနဲ့ ကလေးတွေလည်း အသားကျ ပျော်ရွှင်နေပြီဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ဆီ ပြန်မလာတော့ဘူးလို့လည်း မပြောနိုင်သေးကြောင်းနဲ့ ဘိုင်ယန်မြူးနစ်အတွက်ပဲ အာရုံစိုက်ထားကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။
ကိန်းဟာ အခုနှစ်ရာသီမှာ နိုင်ငံနဲ့ ကလပ်အတွက် ၁၁ ပွဲ ကစားအပြီးမှာ ၁၉ ဂိုးအထိ စံချိန်တင် သွင်းယူထားပါတယ်။




