
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သမိုင်းတလျှောက် ဂိုးသွင်းနှုန်း အမြန်ဆုံးကစားသမားဖြစ်လာပါတယ်။
စက်တင်ဘာ ၂၇ ရက် ဒီမနက်ပိုင်းက ကစားသွားတဲ့ ဝါဒါဘရီမင်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်အသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာမှာ ဟယ်ရီကိန်းက ၂ ဂိုးသွင်းခဲ့ပြီး ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ ဘိုင်ယန်နဲ့ ၁၀၄ ပွဲမှာပဲ သွင်း ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး ၁၀၅ ပွဲမှာ ဂိုး ၁၀၀ ရခဲ့တဲ့ စီရော်နယ်ဒိုနဲ့ ဟာလန်းတို့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဘွန်ဒက်စ်လီဂါပွဲစဉ် ၆၇ ပွဲမှာပဲ သွင်းဂိုး ၇၀ ရရှိထားတာဖြစ်ပြီး ဂျာမန်လိဂ် သမိုင်းတလျှောက်မှာလည်း ဂိုးသွင်းနူန်းအမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။
ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာ ပင်နယ်တီကန်သွင်းမှု ၁၈ ကြိမ်မှာ ၁၈ ကြိမ်စလုံးဂိုးဝင်ခဲ့တာကြောင့် ၁၈ ကြိမ်ဆက်တိုက် ပင်နယ်တီဂိုးရရှိသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Photo: Reuters




