
ဘိုင်ယန်မြူးနစ်နဲ့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပိုကောင်းတဲ့ရလဒ်နဲ့ ချဲလ်ဆီးအသင်း ထိုက်တန်ကြောင်း ချဲလ်ဆီးကစားသမား ကိုးလ်ပါလ်မာက ပြောသွားပါတယ်။
ကမ္ဘာ့ကလပ်ချန်ပီယံအသင်းဟာ ချန်ပီယံလိဂ်အဖွင့်မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ချဲလ်ဆီးအသင်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပေးလိုက်ရတဲ့ ၄ ဂိုးစလုံးက ကိုယ့်အသင်းက ကစားသမားတွေရဲ့ အမှားတွေကြောင့်ဖြစ်တယ်လို့ ပါလ်မာက ပြောပါတယ်။
ဒီလိုအဆင့်ပြိုင်ပွဲမှာ အမှားလုပ်မယ်ဆိုရင်အမြဲတမ်းခက်ခဲမှာဖြစ်ကြောင်း၊ အခွင့်အရေးတွေရခဲ့ပေမဲ့ ဂိုးအဖြစ် အသုံးမချနိုင်ခဲ့သည့်တိုင် ချဲလ်ဆီးအသင်းက ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ကြောင်း ပါလ်မာ ကပြောပါတယ်။
ပါလ်မာဟာ ဘိုင်ယန်နဲ့ပွဲက ချဲလ်ဆီးကစားသမားဘ၀ ပွဲ ၁၀၀ ပြည့်မြောက်တဲ့ပွဲဖြစ်ခဲ့ပြီး ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Photo:Reuters




