
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဘယ်လ်ဂျီယံကလပ် ဘရာဂါ တို့ရဲ့ ပွဲမှာ ချန်ပီယံလိဂ် ပွဲဦးထွက်အဖြစ် ဝင်ကစားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဘိုင်ယန် ကွင်းလယ်တိုက်စစ်ကစားသမား လန်းနက်ကားလ်က အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
ကားလ်ဟာ သူ့ရဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်မှာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅ မိနစ်မှာ ကွင်းလယ်စည်းအကျော်ကနေ ဘောလုံးကို တကိုယ်တော် ဆွဲပြေးလာပြီး ဘရာဂါအသင်း နောက်ခံလူတွေကြားကနေပဲ ပင်နယ်တီဧရိယာအပြင်က ကန်သွင်းယူနိုင်ခဲ့တာပါ။
ဒီဂိုးကြောင့် သူဟာ ဘိုင်ယန်မြူးနစ် သမိုင်းတလျှောက်မှာ အသက်အငယ်ဆုံး ချံပီယံလိဂ်ဂိုးသွင်းသူ ဖြစ်လာပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ကလပ်ဘရာဂါတို့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ၄ ဂိုးဂိုးမရှိနဲ့ အနိုင်ရသွား ပါတယ်။
Photo: Reuters




