
မန်ယူနိုက်တက်ယာယီနည်းပြကာရစ်အပေါ် အသင်းဂန္ထဝင်ရွိုင်ကိန်းရဲ့ မှတ်ချက်စကားက လေးစားမှု ကင်းမဲ့နေကြောင်း ဖာဒီနန်က ထောက်ပြဝေဖန်သွာပါတယ်။
ကာရစ်ဟာ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိအောင် စွမ်းနိုင်ခဲ့ရင်တောင် အမြဲတမ်းနည်းပြအဖြစ် တာဝန်မပေးသင့်ကြောင်းနဲ့ အတွေ့အကြုံကောင်းတွေနဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ကျော်ဖြတ်နိုင်တဲ့ ထိပ်တန်းနည်းပြတယောက်ကို ခေါ်ယူရမှာဖြစ်ကြောင်း ရွိုင်ကိန်းက ပြောခဲ့တာပါ။
အဲဒီမှတ်ချက်စကားက ကာရစ်အပေါ် မယုံကြည်နိုင်စရာကောင်းလောက်အောင် လေးစားမှု ကင်းမဲ့တာဖြစ်ပြီး ကာရစ်ဟာ ယူနိုက်တက်နည်းပြရာထူးနဲ့ မထိုက်တန်ဘူးဆိုပြီး ဘယ်လို အကြောင်းပြချက်နဲ့ ပြောတာလဲလို့ ဖာဒီနန်က မေးခွန်းထုတ်သွားခဲ့ပါတယ်။


