
အမေရိကန်က စွန့်စားတက်ရောက်သူ အဲလက်စ် ဟာနိုးလ်ဟာ ထိုင်ဝမ်က Taipei 101 မိုးမျှော်အဆောက်အအုံကို ကြိုးတွေ၊ ဘေးကင်းရေးပစ္စည်းတွေ မသုံးဘဲ ဇန်နဝါရီ ၂၅ ရက်က အလွတ်တက်ရောက်ခဲ့ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတွေထဲက တခုဖြစ်တဲ့ ဒီတာဝါကိုတက်ဖို့ အချိန် တနာရီခွဲလောက် ကြာမြင့်ခဲ့ပါတယ်။
ဟာနိုးလ် တွယ်တက်နေတာကို အောက်ကနေ ပရိသတ်ထောင်ချီပြီး လက်ခုပ်တီး အားပေး ကြည့်ရှုခဲ့ကြပါတယ်။
ရာသီဥတုအခြေအနေကြောင့် တက်ရောက်မဲ့ရက်ကို ရွှေ့ဆိုင်းခဲ့ရပေမဲ့ ထိပ်ဆုံးရောက်ချိန်မှာတော့ “ဒီနည်းလမ်းနဲ့ တိုင်ပေမြို့ကို ကြည့်ရတာ အရမ်းလှတယ်” လို့ သူကဆိုပါတယ်။
သူဟာ Taipei 101 တာဝန်ရှိသူတွေနဲ့ မြို့တော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်တက်ခဲ့တာပါ။
၂၀၀၄ ခုနှစ်တုန်းကလည်း ပြင်သစ်ပင့်ကူလူသားလို့ ထင်ရှားတဲ့ အလန်း ရောဘတ်ဟာ ဒီအဆောက်အအုံကို ကြိုးအကူအညီနဲ့ တက်ရောက်ခဲ့ဖူးပါတယ်။
၅၀၈ မီတာမြင့်တဲ့ ဒီ Taipei 101 အဆောက်အအုံဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် ရပ်တည်ခဲ့ပါတယ်။
နောက်ပိုင်းမှာမှ ပိုမြင့်တဲ့ အဆောက်အအုံတွေ တည်ဆောက်ခဲ့တာကြောင့် အမြင့်ဆုံး အဆောက်အအုံ စာရင်းမှာ အဆင့် ၁၁ အထိ ရောက်သွားခဲ့တာဖြစ်ပါတယ်။
Source: Reuters


