
အမေရိကန်နဲ့ မဟာဗျူဟာမြောက် AI တွဲဖက်အဖြစ် နီးနီးကပ်ကပ် လုပ်ဆောင်ဖို့ ထိုင်ဝမ်နိုင်ငံက ရည်ရွယ်ထားပါတယ်။
အမေရိကန်က ထိုင်ဝမ်ကို အခွန် ၁၅ ရာခိုင်နှုန်းအထိ လျှော့ပေးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားပေးမှုတို့ကို ကျေးဇူးတင်ကြောင်း ထိုင်ဝမ်ဒုဝန်ကြီး ကျန်လီကျွမ်းက ပြောပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့ဟာ ထိုင်ဝမ်နိုင်ငံကို အမေရိကန်မှာ လျှပ်ကူးပစ္စည်းတွေ အဓိကထုတ်လုပ်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ တွန်းအားပေးထားပါတယ်။
အထူးသဖြင့် AI နည်းပညာ အသုံးပြုဖို့ ချစ်ပ်ပြားထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ လျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။
အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်ဖို့နဲ့ ချစ်ပ်ပြားတင်ပို့မှုတွေမှာ အခွန်လျှော့ချမှုတွေကို အင်္ဂါနေ့က သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။
ထိုင်ဝမ်ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ စွမ်းအင်နဲ့ AI နည်းပညာအတွက် လျှပ်ကူးပစ္စည်း ထုတ်လုပ်မှုမှာ ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံဖွယ် ရှိပါတယ်။
၂၀၂၅ ခုနှစ်တုန်းကလည်း ချစ်ပ်ပြားထုတ်လုပ်တဲ့ TSMC က ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမယ်လို့ အစောပိုင်းက ကတိပြုထားပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လုပ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်တို့ရဲ့ စာချုပ်သဘောတူညီမှုဟာ Win-Win အခြေအနေဖြစ်ကြောင်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ထိုင်ဝမ်မှာ ရှိမှာဖြစ်တဲ့အကြောင်း ဝါရှင်တန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်လီကျွမ်းက ပြောပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်အတွက် လက်နက်ထောက်ပံ့မှုနဲ့ နိုင်ငံတကာအရေးကိစ္စတွေမှာ အဓိကကျတဲ့ ထောက်ခံတဲ့နိုင်ငံ ဖြစ်ပါတယ်။
အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပ စတဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေကို အခွန် ၁၅ ရာခိုင်နှုန်းသာ ကောက်ခံမှာ ဖြစ်ပါတယ်။
Source: Reuters


