Home
နိုင်ငံတကာ
ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုအပေါ် စိုးရိမ်သည့်နိုင်ငံအချို့ကို တရုတ်ဝေဖန်
DVB
·
January 2, 2026
Photo: CCTV

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တရားမျှတမှုကို ကာကွယ်ဖို့လိုတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တခြားနိုင်ငံတချို့ရဲ့ မှတ်ချက်တွေက အလွန်ကြောင်သူတော်ဆန်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။

ဂျပန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဥရောပနိုင်ငံတချို့က ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေအပေါ် စိုးရိမ်ပူပန်တဲ့အကြောင်း ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီကိစ္စကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းထန်တဲ့ ရပ်တည်ချက်တွေကို တင်ပြခဲ့တယ်လို့ ပေကျင်းမြို့တော်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ လီကျန်းက ပြောပါတယ်။

ဒီနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေဟာ ထိုင်ဝမ်ခွဲထွက်ရေးသမားတွေရဲ့ အင်အားသုံးပြီး ခွဲထွက်ဖို့ ကြိုးပမ်းမှုတွေကို လျစ်လျူရှုထားပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ပြင်ပဝင်ရောက်စွက်ဖက်မှုကို မျက်ကွယ်ပြုထားတယ်၊ နိုင်ငံအချုပ်အခြာအာဏာနဲ့ တရားမျှတမှုကို ကာကွယ်ဖို့လိုတဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ရင်းအဖြူကို အမည်းလို့ ခေါ်ဆိုပြီး အမှန်နဲ့ အမှားကို ရောပစ်တာဟာ အလွန်ကြောင်သူတော်ဆန်တယ်၊ တရုတ်နိုင်ငံက ဒီကိစ္စကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ပြင်းထန်တဲ့ ရပ်တည်ချက်တွေကို တင်ပြခဲ့တယ်လို့ လင်က ပြောပါတယ်။

“တရုတ်တနိုင်ငံတည်း မူဝါဒဟာ နိုင်ငံတကာအသိုက်အဝန်းမှာ လွှမ်းမိုးနေတဲ့ သဘောတူညီချက်တခု ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတခုလည်း ဖြစ်ပါတယ်။ ဒါဟာ တရုတ်နဲ့ တခြားနိုင်ငံအားလုံးအကြား သံတမန်ဆက်ဆံရေး ထူထောင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံရေးအခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ပါတယ်။ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်တာ ရပ်တန့်ဖို့နဲ့ ထိုင်ဝမ် ခွဲထွက်ရေးလှုပ်ရှားမှုတွေကို လက်ခံတာ ဒါမှမဟုတ် ထောက်ခံတာကို ရပ်တန့်ဖို့ အလေးအနက် တိုက်တွန်းပါတယ်။”

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနချုပ်ဟာ တရားမျှတမှုမစ်ရှင် ၂၀၂၅ လို့ နာမည်ပေးထားတဲ့ အကြီးစား စစ်ရေးလေ့ကျင့်ခန်းတွေ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တယ်လို့လည်း ဒီဇင်ဘာ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။

တနင်္လာနေ့ကစတဲ့ လေ့ကျင့်ခန်းတွေမှာ ထိုင်ဝမ်ရေလက်ကြားနဲ့ ထိုင်ဝမ်ကျွန်းရဲ့ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်နဲ့ အရှေ့ဘက်ရေပြင်တွေမှာ လှုပ်ရှားနေတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013