
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုလို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီးတဲ့နောက် ဇန်နဝါရီ ၂၄ ရက်မှာ လူအယောက် ၈၀ ထက်မနည်း ပျောက်ဆုံးနေဆဲလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
အလောင်းတွေကို ရှာတွေ့ပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတွေက ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက ဇန်နဝါရီ ၂၅ ရက်မှာ လုပ်ငန်းတွေဆက်လုပ်ဖို့ စီစဉ်ထားပြီး မိုးသည်းနေလို့ ရှာဖွေမှုကို ရပ်ဆိုင်းထားရပါတယ်။
ပျောက်နေသူအရေအတွက် များနေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီက ရိုက်တသတင်းဌာနကို ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ ဇန်နဝါရီ ၂၃ ရက်ကစပြီး တပတ်ကြာ မိုးသည်းသည်းမည်းမည်း ရွာသွန်းမှု အပါအဝင် အစွန်းရောက် ရာသီဥတုကို အရင်တည်းက မိုးလေဝသအေဂျင်စီက သတိပေးခဲ့တယ်လို့ ဒေသခံသတင်းဌာန Kompas.com က ဖော်ပြပါတယ်။
Source: Reuters


