
အင်ဒိုနီးရှားနိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” မှာ ပါဝင်ဖို့ ဖိတ်ကြားချက်တွေကို လက်ခံရင်း တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်၊ ကာတာနိုင်ငံတို့နဲ့ ပူးပေါင်းခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပြောလိုက်ပါတယ်။
နိုင်ငံတိုင်းက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လက်မှတ်ထိုးမယ်လို့လည်း ကြေညာချက်ထဲမှာ ထပ်လောင်း ဖော်ပြထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ သူ့ရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ထရမ့်ပ်က ကမ္ဘာ့ခေါင်းဆောင် အများအပြားကို ဖိတ်ခေါ်ခဲ့ပေမဲ့ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တယ်လို့ သံတမန်တွေက ပြောပါတယ်။
ထရမ့်ပ်ဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ သူ့အစီအစဉ်ကို ကြေညာချိန် ပြီးခဲ့တဲ့ စက်တင်ဘာလက ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ပထမဆုံး အဆိုပြုခဲ့တာပါ။
နောက်ပိုင်းမှာ ကမ္ဘာတဝန်းက တခြားပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘုတ်အဖွဲ့ရဲ့ တာဝန်ဝတ္တရားတွေကို ဂါဇာအရေး ပြင်ပအထိ တိုးချဲ့သွားမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
Source: Reuters


