
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ မြေပြိုမှုဖြစ်လို့ လူ ၇ ယောက် သေဆုံးကာ လူ ၈၂ ယောက် ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီဒေသမှာတော့ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြေပြိုမှုဟာ အနောက်ဘန်ဒေါင်းဒေသရှိ ကျေးရွာ တရွာမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံအရာရှိ တယောက်က အတည်ပြုပြောပါတယ်။
ပျောက်ဆုံးနေသူအရေအတွက် များပြားနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားမယ်လို့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ ပြောရေးဆိုခွင့် ရှိသူ အဗ္ဗဒူလ် မူဟာရီက ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
ကွန်မ်ပါ့စ် ဒေသရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတွေအရ ကျေးရွာရဲ့ အစိတ်အပိုင်းတချို့ကို မြေတွေ ဖုံးလွှမ်းနေပြီး မြေပြိုမှုဖြစ်ပြီးနောက် ပြန့်နေတဲ့ အပျက်အစီးတွေ အနီးမှာ ဒေသခံ ရွာသားတွေ ရပ်နေကြတာကို မြင်တွေ့ရပါတယ်။
အင်ဒိုနီးရှား ရာသီဥတုအေဂျင်စီကလည်း အနောက်ဂျာဗားပြည်နယ်မှာ ဇန်နဝါရီ ၂၃ ရက်ကစပြီး တပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အစွန်းရောက် ရာသီဥတုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အရင်ကတည်းက သတိပေးထားခဲ့ကြောင်း ကွန်မ်ပါ့စ် ဒေသခံသတင်းဌာန က ဖော်ပြပါတယ်။
Source:Reuters


