
ဂရင်းလန်းကိစ္စအကြောင်းပြုပြီးတော့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို သပိတ်မှောက်ဖို့ မရှိကြောင်း ပြင်သစ် အားကစားဝန်ကြီး မာရီနာဖာရာရီက ပြောပါတယ်။
အမေရိကန်သမ္မဒေါ်နယ်ထရမ့်ပ်က ဒိန်းမတ်ပိုင်ဆိုင်တဲ့ ဂရင်းလန်းဒေသကို တိုက်ခိုက် သိမ်းပိုက်မယ်ဆိုရင် အမေရိကန်ကအိမ်ရှင်အဖြစ် ပူးတွဲကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ပြီး နုတ်ထွက်ဖို ဗြိတိန်နိုင်ငံရေးသမားတွေက တိုက်တွန်းနေကြတာပါ။
ပြင်သစ်အစိုးရဘက်ကတော့ ဒီလိုခမ်းနားတဲ့ပြိုင်ပွဲကို သပိတ်မှောက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပေမဲ့ ကမ္ဘာ့ဖလားကိုသပိတ် မှောက်မဲ့ အကြောင်းအရာက မြင့်တက်လာနေကြောင်း ပြင်သစ်အားကစားဝန်ကြီးက ပြောပါတယ်။
မိမိဟာ နိုင်ငံရေးထဲကနေ အားကစားကို သီးသန့်ထားရှိတာကို ယုံကြည်တဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲက အားကစားကို နှစ်သက်ခုံမင်သူတွေအတွက် အခမ်းနားဆုံးပြိုင်ပွဲဖြစ်ကြောင်းလည်း ပြင်သစ်ဝန်ကြီးက ပြောသွားပါတယ်။
Photo: Reuters


