
လာမဲ့ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းလူစာရင်းရွေးချယ်ရာမှာ လူမှုဆက်ဆံရေးကောင်းမွန် သူတွေကို ဦးစားပေးရွေးချယ်မှာဖြစ်တယ်လို့ နည်းပြတူဟယ်က ပြောသွားပါတယ်။
အသင်း လူစာရင်းမှာ ပါရမီရှင်ကစားသမားတွေမလိုအပ်ဘဲ အသင်းရဲ့ဟန်ချက်ကို ထိန်းညှိနိုင်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်သူတွေကို ဦးစားပေးမှာဖြစ်ကြောင်း နည်းပြတူဟယ်က ပြောသွားတာပါ။
ဒီအချက်ဟာ ဘယ်လင်ဂမ်နဲ့ ဖီးလ်ဖိုဒမ်တို့လို ကစားသမားတွေကို လူစာရင်းကနေ ချန်လှပ်ခဲ့ဖူးတဲ့အကြောင်းပြချက်ဖြစ်နိုင်တယ်လို သုံးသပ်ကြပါတယ်။
တူဟယ်ဟာ ဘရန့်ဖိုဒ်က ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ကို အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်ခဲ့ပြီး လူမှုဆက်ဆံရေးကောင်းမွန်တာကို ဦးစားပေးရွေးချယ်တဲ့ အကြောင်းပြချက် ဖြစ်နိုင်ကြောင်းသုံးသပ်ကြပါတယ်။
အသင်းလူစာရင်းမှာ ဘောလုံးပါရမီထူးချွန်မူ တခုတည်းကိုပဲ ရွေးချယ်မှာမဟုတ်ဘဲ ကစားသမား တယောက် အတွက်လိုအပ်တဲ့ လူမှုဆက်ဆံရေး ကောင်းမွန်မှုရှိဖိုအတွက်လည်း လိုအပ်ကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။
Photo: Reuters


