
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေပူးတွဲကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်မှတ်ဈေးနှုန်းတွေ ကြီးမြင့်တဲ့အပေါ်ပရိသတ်တွေက အကြီးအကျယ်ဝေဖန်နေကြပါတယ်။
ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကနေ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်မဲ့ အသင်းပရိသတ်တယောက်ဟာ စုစုပေါင်း အနည်းဆုံး စတာလင်ပေါင် ၅,၂၀၀ ကျော် ကနေ ပေါင် ၁၂.၀၀၀ ကျော်တဲ့အထိ ကုန်ကျမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားက လက်မှတ်ဈေးနူန်းထက် ၂ ဆကျော် မြင့်တက် လာခဲ့တာပါ။
ပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားမှာ အုပ်စုပွဲစဉ်တွေရဲ့လက်မှတ်ဈေးနူန်းက ပေါင် ၆၈ ဒသမ ၅၀ ကနေ ပေါင် ၁၆၄ ဒသမ ၅၀၊ ပေါင် ၂၁၉ ပေါင် အစားစား ရှိခဲ့ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ ၂ ဆကျော် မြင့်တက်သွားတာပါ။
အင်္ဂလန်အသင်းရဲ့ အုပ်စုပွဲစဉ် ၃ ပွဲက လက်မှတ်ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် အနည်းဆုံး ပေါင် ၁၆၄ ပေါင်ကနေ ပေါင် ၅၂၃ ပေါင်အထိ ဈေးနူန်းကြီးမြင့်လာခဲ့တာပါ။
ပရိသတ်အများစုကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ကြီးကြယ်ခမ်းနားတဲ့ သစ္စာဖောက်မှုအဖြစ် ဝေဖန်နေကြပြီး လက်မှတ်ဈေးနူန်းတွေလျှော့ချပေးဖို့ ဖီဖာကို တောင်းဆိုနေကြ ပါတယ်။
Photo: Reuters


