
ကမ္ဘာ့ဖလားမတိုင်ခင် ဥရုဂွေး၊ ဂျပန်အသင်းတွေနဲ့ ခြေစမ်းကစားသွားမယ်လို့ အင်္ဂလန်အသင်းက ထုတ်ပြန်ပါတယ်။
နည်းပြ သောမက်တူဟယ်ဟာ ကမ္ဘာ့ဖလားအတွက် လူစာရင်းမဖြတ်ခင် နောက်ဆုံးခြေစမ်းပွဲတွေ အဖြစ် ဥရောပတိုက်အပြင်ဘက်က ထိပ်တန်းအသင်း ၂ သင်းနဲ့ ခြေစမ်းဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး အင်္ဂလန်အက်ဖ်အေက ဥရုဂွေးနဲ့ ဂျပန်အသင်းတို့နဲ့ ခြေစမ်းပွဲ စီစဉ်ခဲ့တာပါ။
ခြေစမ်းပွဲ ၂ ပွဲစလုံးကို ဝင်ဘလေကွင်းမှာပဲ ကစားမှာဖြစ်ပြီး လာမဲ့ ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်မှာ ဥရုဂွေး၊ မတ် ၃၁ ရက်မှာ ဂျပန်အသင်းတွေနဲ့ ခြေစမ်းကစားမှာပါ။
မိမိတောင်းဆိုထားတဲ့အတိုင်း စီစဉ်ပေးတဲ့အပေါ် အက်ဖ်အေကို ကျေးဇူးတင်ရှိပြီး ကမ္ဘာ့ဖလားမတိုင်ခင် အသင်းကောင်း ၂ သင်းနဲ့ ခြေစမ်းကစားရမဲ့အပေါ် ကျေနပ်မိကြောင်း တူဟယ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ လာမဲ့ ကမ္ဘာ့ဖလားမှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားအသင်းတွေနဲ့ အစဉ်လိုက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။


