
လေ့ကျင့်ချိန်တရက်တည်းနဲ့ ပွဲချိန်ပြည့်ကစားနိုင်ခဲ့တဲ့ မိုဆာလာကို လီဗာပူးနည်းပြ အာနဲစလော့က ချီးကျူးသွားပါတယ်။
ဆာလာဟာ အာဖရိကဖလားအပြီးမှာ လီဗာပူးဆီပြန်လာခဲ့တာဖြစ်ပေမဲ့ အသင်းနဲ့ လေ့ကျင့်ချိန်တရက်ပဲရရှိခဲ့တာပါ။
ဒီမနက်အစောပိုင်း မာဆေးလ်ကို ၃ ဂိုးဂိုမရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆာလာက ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန်ပြည့်ကစားသွားခဲ့တာပါ။
ဆာလာဟာ ဘယ်လောက်အထိ ပရော်ဖက်ရှင်နယ်ဆန်သလဲဆိုတာကို အမြဲတမ်းပြောခဲ့ဖူးပြီး အခုချိန်မှာလည်း မတူညီတဲ့အသင်းနဲ့ တလလောက် ပူးပေါင်းခဲ့ပေမဲ့ အသင်းနဲ့ တရက်သာ လေ့ကျင့်ခန်းဆင်းပြီး ပွဲချိန်ပြည့် ကစားနိုင်ခဲ့တာက ချီးကျူးစရာဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
လီာပူးအသင်းဟာ မာဆေးလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ရှုံးထွက်အဆင့်ကို သေချာပေါက် တက်ရောက်နိုင်တော့မှာ ဖြစ်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်ဖို့ဆိုရင်တော့ ကရာဘတ်ချ်နဲ့ နောက်ဆုံးပွဲမှာ အနိုင်ရဖို့လိုအပ်မှာ ဖြစ်ပါတယ်။
Photo:Reuters


