
အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ အီဂျစ်အသင်းက ဆာလာရဲ့ ပွဲပြီးခါနီး အနိုင်ဂိုးနဲ့ နိုင်ပွဲရရှိသွားပါတယ်။
ဇင်ဘာဘွေအသင်းနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ပွဲချိန် မိနစ် ၂၀ မှာ ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ဒုတိယပိုင်း ၆၄ မိနစ်မှာ မာမွတ်ရှ်က ချေပဂိုးသွင်းခဲ့ပြီး ပွဲချိန် ၉၁ မိနစ်မှာ ဆာလာက အနိုင်ဂိုး သွင်းယူသွားခဲ့တာပါ။
အီဂျစ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၇ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်လည်း ၃၅ ကြိမ်အထိ စံချိန်တင်ရရှိခဲ့ပေမဲ့ အနိုင်ရလဒ်အတွက် နောက်ဆုံးအချိန်အထိ ကြိုးပမ်းခဲ့ရတာပါ။
အီဂျစ်ပါဝင်တဲ့ အုပ်စု B မှာ တောင်အာဖရိက၊ အန်ဂိုလာနဲ့ ဇင်ဘာဘွေတို့ ပါဝင်နေတာပါ။ တခြားပွဲစဉ်မှာ တောင်အာဖရိကအသင်းက အန်ဂိုလာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အီဂျစ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ တောင်အာဖရိကအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။


