
ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ရဲ့ အစောင့်တွေ ထွက်သွားပြီးတဲ့နောက် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ IS အဖွဲ့က အဆင့်နိမ့် တိုက်ခိုက်ရေးသမား အယောက် ၂၀၀ လောက်ဟာ ဇန်နဝါရီ ၁၉ ရက်မှာ ဆီးရီးယားနိုင်ငံ ရှာဒါဒီအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက သူတို့အများစုကို ပြန်ဖမ်း နိုင်ခဲ့တယ်လို့ အမေရိကန်အရာရှိ တယောက်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ISအဖွဲ့ထဲက နိုင်ငံခြားတိုက်ခိုက်ရေးသမား အယောက် ၆၀၀ လောက်ကို ရှာဒါဒီထောင်ကနေ ဇန်နဝါရီ ၁၉ ရက်မတိုင်မီက တခြားအဆောက်အအုံတွေဆီ ပြောင်းရွှေ့ခဲ့ပြီး သူတို့ ထိန်းသိမ်း ခံထားရဆဲပဲလို့ အမည်မဖော်လိုသူ အရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အစိုးရနဲ့ SDF တို့က ISတွေ ထွက်ပြေးလွတ်မြောက်မှုအတွက် အပြန်အလှန်အပြစ်တင်ခဲ့ကြပြီး သူတို့ကို လွှတ်ပေးခဲ့တာလို့လဲ အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။
ဆီးရီးယားအစိုးရက အခု ရှာဒါဒီ အကျဉ်းထောင်ကို ထိန်းချုပ်ထားပြီလို့ ပြောခဲ့ပေမဲ့ SDF က ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။ နှစ်ဘက်စလုံးက ဇန်နဝါရီ ၁၈ ရက်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တရပ် ရခဲ့ပေမဲ့ နောက်ရက်တွေမှာ တင်းမာမှုတွေ ဆက်ရှိနေခဲ့ပါတယ်။
Source:Reuters


