
ဆီးရီးယားနိုင်ငံဟာ ဇန်နဝါရီ ၁ ရက် ကစပြီး ငွေစက္ကူဟောင်းတွေကို ငွေစက္ကူအသစ်တွေနဲ့ လဲလှယ်တော့မယ်လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အဗ်ဒူကေဒါ ဟက်စ်ရေယာက ဒီဇင်ဘာ ၂၈ရက်မှာ ပြောပါတယ်။
ငွေကြေးတန်ဖိုး ခိုင်မာစေဖို့ အာဏာရှင် အာဆတ်ခေတ်မှာ သုံးစွဲခဲံတဲံ ငွေစက္ကူတွေကို အစားထိုးမဲ့ အစီအစဉ်လို့လည်း ပြောပါတယ်။
ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး အဗ်ဒူကေဒါ ဟက်စ်ရေယာက "(ငွေကြေး) လဲလှယ်မှု လုပ်ငန်းစဉ်ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စမှာဖြစ်ပြီး လဲလှယ်မှု ကာလ ရက်ပေါင်း ၉၀ ကြာမယ်”လို့ ဒမတ်စကတ်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆီးရီးယားသမ္မတ အာမဒ် အယ်လ်ရှရား ဦးဆောင်တဲ့ ဆီးရီးယားအစိုးရသစ်ဟာ ဆယ်စုနှစ် တခု ကျော်ကြာ စစ်ပွဲ၊ ပိတ်ဆို့မှုတွေနဲ့ ဘဏ္ဍာရေးအထီးကျန်မှုတွေကြောင့် ပြည်တွင်း ငွေကြေးကို အပြင်းအထန် အားနည်းစေခဲ့တာပါ။
အဲဒီနောက် နိုင်ငံတော်အဖွဲ့အစည်းတွေကို ပြန်တည်ဆောက်ဖို့နဲ့ စီးပွားရေးကို ပြန်အသက်သွင်းဖို့ ကြိုးပမ်းနေပါတယ်။ ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက သြဂုတ်လမှာ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အလွန်အမင်း တန်ဖိုးကျဆင်းနေတဲ့ ပြည်တွင်းသုံး ပေါင်ငွေအပေါ် လူထုရဲ့ ယုံကြည်မှုကို ပြန်ရဖို့ ကြိုးပမ်ရေးအတွက် ဆီးရီးယားနိုင်ငံဟာ ငွေစက္ကူ အသစ်တွေ ထုတ်ဝေမယ်လို့ ပြောခဲ့ပါတယ်။
ဘဏ်လုပ်ငန်းရှင် တချို့က ငွေကြေးအသစ်ဟာ ငွေကြေးဖောင်းပွမှုကို မြင့်တက်စေပြီး ကုန်ဈေးနှုန်း မြင့်လို့ ထိခိုက်ခံစားနေရတဲ့ ဆီးရီးယားပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းကို ပိုမိုလျော့ကျ စေနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်တွေကို ထုတ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ သူတို့က ချောမွေ့ပြီး စနစ်ကျတဲ့ လဲလှယ်မှုကတဆင့် ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Source:Reuters


