
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက ခရစ်ယာန် ဘုရားကျောင်းနှစ်ခုကနေ ဝတ်ပြုသူ အများအပြားကို လက်နက်ကိုင် သေနတ်သမားတွေက ဇန်နဝါရီ ၁၈ ရက်မှာ ပြန်ပေးဆွဲခဲ့ပါတယ်။
ဒါဟာ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းမှုလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခေါ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံနေရတဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ဆုံးအကြိမ် အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှု ဖြစ်လာပါတယ်။
တိုက်ခိုက်သူတွေဟာ တနင်္ဂနွေနေ့မှာ ခါဒူနာပြည်နယ်၊ ကာမင် ဝါလီရွာက ဧဝံဂေလိဘုရားကျောင်း၊ အယ်လ်ဘာရီကာ ချေရူဘင်နဲ့ ဆေရာဖှင် လှုပ်ရှားမှု ဘုရားကျောင်းတွေကို ဝင်စီးခဲ့ပြီး ဝတ်ပြုကိုးကွယ်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။
ကာမင် ဝါလီရွာထဲက ပစ်မှတ်ထားခံရတဲ့ ဘုရားကျောင်းတွေထဲက တခုအတွင်း ကြမ်းပြင်ပေါ်မှာ ပလတ်စတစ် ထိုင်ခုံတွေရဲ့ အနေအထားကြောင့် အနှောင့်အယှက် ရှိခဲ့ပုံရတယ်လို့ ရိုက်တာ သတင်းထောက်တယောက်က ပြောပါတယ်။
ပြန်ပေးဆွဲမှုဟာ ခရစ်ယာန်တွေကို စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုလို့ စွပ်စွဲထားပြီး နိုင်ဂျီးရီးယား အစိုးရကတေ့ာ စွဲချက်ကို ငြင်းဆိုထားပါတယ်။
ပြန်ရွေးငွေအတွက် မွတ်စလင်နဲ့ ခရစ်ယာန် အသိုက်အဝန်းနှစ်ခုလုံးကို ပစ်မှတ်ထားတဲ့ အစ္စလာမ္မစ်နဲ့ ရာဇဝတ်ဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်နေတယ်လို့လည်း အစိုးရက ပြောပါတယ်။
Source: Reuters


