
အခုနှစ် အာဖရိကဖလားဆီမီးဖိုင်နယ်မှာ အီဂျစ်နဲ့ ဆီနီဂေါ၊ မော်ရိုကိုနဲ့ နိုင်ဂျီးရီးယားတို့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၁ ရက်က ယှဉ်ပြိုင်သွားတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အီဂျစ်အသင်းက ဆာလာ၊ မာမွတ်ရှ်တို့ရဲ့ ဂိုးတွေနဲ့အတူ အိုင်ဗရီကို့စ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
ဆီနီဂေါကလည်း မာလီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်လာခဲ့တာပါ။ တဖက် ဆီမီးဖိုင်နယ်မှာတော့ ကင်မရွန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အိမ်ရှင်မော်ရိုကို အသင်းက အယ်လ်ဂျီးရီးယားကို ၂ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ အနိုင်ယူလာတဲ့ နိုင်ဂျီးရီးယားအသင်းနဲ့ တွေ့ဆုံခဲ့တာပါ။
ဆီမီးဖိုင်နယ် ပထမပွဲစဉ်ကို လာမဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ဆီနီဂေါနဲ့ အီဂျစ်တို့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး ဒုတိယဆီမီးဖိုင်နယ်ကို ဇန်နဝါရီ ၁၅ ရက်မှာ မော်ရိုကိုနဲ့ နိုင်ဂျီးရီးယားတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


